Kirkland Ground Turmeric 12 OZ (340g)

18,000 Ks

4 in stock

Description

ဟင်းချက်ရာတွင်ပဲဖြစ်ဖြစ်ဆေးဝါးအဖြစ်မှီဝဲချင်လို့ပဲဖြစ်ဖြစ်နနွင်းစစ်စစ်ကိုမှအသုံးပြုချင်သူများအတွက်

Made in USA

နနွင်း ဆေးဖက်ဝင်ပုံ

——///////——–

အာရှတိုက်မှာ ဟင်းခတ် အမွှေးအကြိုင် အနေနဲ့သုံးနေတဲ့ ကျနော်တို့သိပြီးသား အနည်းငယ်ခါးတဲ့ နနွင်း အကြောင်း ဖောက်သည်ချပါရစေ။ နနွင်းမှာ အဝါရောင်ဓါတ်ပစ္စည်းတစ်မျိုးဖြစ်တဲ့ curcumin ပါဝင်ပါတယ်။

နနွင်းကို အဆစ်ယောင် အဆစ်နာ အစာမကြေ အစာအိမ်နာ လေပွ ဝမ်းလျော အစာစားမဝင် အသားဝါ အသည်းရောဂါ အစာအိမ်အနာ သွေးတွင်းကိုလတ်စတောများခြင်း ပင်ပန်းနွမ်းနယ် အရေပြားရောဂါ မှာအသုံးပြုခဲ့ကြတယ်။ ခေါင်းကိုက် လည်ပြွန်ယောင် အအေးမိ အဆုပ်ရောဂါ အဆီကြိတ် အနာကြီးရောဂါ ဖျားနာ ဓမ္မတာရာသီမမှန်ခြင်း ယားနာခြင်း ကင်ဆာကုသပြီးသူ ခွဲစိတ်ပြီးလူနာများ မှာ အသုံးပြုခဲ့ကြတယ်။

Alzheimer’s ရောဂါ ဆီးချိုရောဂါ စိတ်ဓါတ်ကျရောဂါ သန်ရောဂါ တီဘိရောဂါ SLE (Systemic lupus erythematous )ကဲ့သို့ autoimmune ရောဂါ ကျေက်ကပ်ရောဂါ ဆီးအိတ်ယောင်ရောဂါ တွေမှာလည်းအသုံးပြုကြပါတယ်။ အချို့လူတွေဆိုရင် နနွင်းကို ပွေးကွက် ခြေခေါက် လက်ခေါက် ယောင်ယမ်း ကျွတ်ကိုက် မျက်စိနာ ဝက်ခြံ အရေပြားနာ ပါးစပ်နာ သွားဖုံးယောင် စတဲ့နေရာတွေမှာ လိမ်းကြပါတယ်။

သောက်သုံးရန်အညွှန်း

———————–

*ကိုလက်စထရော များသူများ ၁.၄ဂရမ် ကို ၂ဖုံ ခွဲပြီးနေ့စဉ် ၃လတိတိသောက်ရပါမယ်။ *ပြည်တည်နာရှိသူများ ၁.၅ဂရမ် ကို ၃ဖုံခွဲ နေ့စဉ် ၈ပတ်တိတိသောက်ပေးရပါမယ်။ အဆစ်ရောင်နာရောဂါအတွက် ၅၀၀မီလီဂရမ်ကို တစ်နေ့၄ကြိမ် ၄-၆ပတ်ထိသောက်ပေးရပါမယ်။

ဘေးထွက်ဆိုးကျိုး

——————-

သိသိသာသာဆိုးဝါးတဲ့ဆိုးကျိုးတော့မရှိပါဘူး။ အချိဲုလူမှာတော့ အစာအိမ်မအီမသာဖြစ်တာ အော့အန်ချင်တာ ဝမ်းလျောတာတွေ ခံစားရတယ်လို့ပြောကြတယ်။ ကိုယ်ဝန်သည်နဲ့နို့တိုက်မိခင်မှာတော့ မသောက်သင့်ပါဘူးး။ ဘာကြောင့်လဲဆိုတော့ သားအိမ်ကို လှုံဆော်ပေးတယ် ဓမ္မတာလာချိန်ကို ရက်ကြာစေတဲ့ကြောင့်ပါ။ ကိုယ်ဝန်ဆောင်ချိန် နို့တိုက်ချိန်မှာ မသောက်တာအကောင်းဆုံးပါ။ ဟင်းထဲမှာပါတဲ့ပမာဏကဘာမှမဖြစ်ပါဘူး။ သွေးရောဂါပြဿနာရှိသူတွေမှာလဲ မသုံးသင့်ပါဘူး။ သံဓါတ်စုပ်ယူမှုကိုလဲဟန့်တားစေတယ်(အများကြီးသောက်မှပါ)

ကင်ဆာရောဂါမျိုးစုံကို ကာကွယ်ပေးနိုင်စွမ်းလဲရှိပါတယ်။

Reviews

There are no reviews yet.

Be the first to review “Kirkland Ground Turmeric 12 OZ (340g)”