Description
Natrol Melatonin 5 mg., 180 Gummies
အိပ်ပျော်စေရန် ဦးနှောက်မှ ထုတ်ပေးသည့် ဟော်မုန်း ဖြစ်သည်။ အုတ်ဂျုံ၊ ငှက်ပျောသီး၊ ချယ်ရီ (အချဉ်) သီး၊ သစ်ကြားသီး၊ နာနတ်သီး၊ ဘာလီ၊ Magnesium စားလျင် Melatonin ထုတ်လုပ်မှု တိုးလာသည်။
လိုအပ်လေ့ ရှိသူများ
ခဏခဏ အိပ်ရာပြောင်း အိပ်ရသူ၊ အချိန် မတူသည့် နိုင်ငံသို့ ရောက်သဖြင့် အိပ်ချိန် ပြောင်းလဲပြီး အိပ်မပျော်သူ၊ ဖုန်း၊ ကွန်ပြူတာ အသုံး များသူ၊ တနေ့လုံး လျှပ်စစ်မီးနဲ့ နေတဲ့သူ၊ ညဘက် အလုပ် လုပ်ရပြီး နေ့ဘက် အိပ်ရသူ၊ ကော်ဖီ၊ ဆေးလိပ်၊ အရက် သောက်၍ မယ်လတိုနင် ထုတ်လုပ်မှု ကျနေသူ၊
အကျိုးကျေးဇူးများ
မြန်မြန် အိပ်ပျော်စေပြီး ကြာကြာအိပ်စေတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့အတွက် ခုခံအား ကောင်းပြီး ကင်ဆာလို နာတာရှည် ရောဂါတွေကို ကာကွယ်နိုင်တယ်။ အော်တစ်ဇင်များအတွက် အထောက်အကူ ဖြစ်စေတယ်။ သွေးဆုံးကိုင် လက္ခဏာကို သက်သာစေတယ်၊ နှလုံးရောဂါကို သက်သာစေတယ်၊ နာတာရှည် ကြွက်သားနာကျင်ခြင်း ဝေဒနာကို သက်သာစေတယ်၊ နားအူခြင်းကို သက်သာစေတယ်၊ စိတ်ဖိစီးမှုကို သက်သာစေတယ်၊
အိပ်မပျော်သူများ 1mg မှ 10mg အထိ အိပ်ကာနီး ၁၅ မိနစ်အလိုမှာ သောက်လေ့ ရှိကြပါတယ်။ (ငုံရသည့် အမျိုးအစားဆိုလျင် လျာအောက်မှာ ငုံမှ အာနိသင် အပြည့်အဝ ရပါသည်)
အိပ်ပျော်စေရန် ဒါတွေကိုလဲ လိုက်နာသင့်ပါတယ်
၁။ မအိပ်ခင် တနာရီလောက်က စပြီး TV၊ ကွန်ပြူတာ၊ ဖုန်း မသုံးပါနဲ့။
၂။ မနက်စောစော လေ့ကျင့်ခန်း လုပ်ပါ၊ နေပူစာ လှုံပါ။
၃။ အမှောင်ချထားသော (သို့မဟုတ်) အမှောင်ကျလုနီးနီး နေရာမှာ အိပ်ပါ။ ညအိပ်မီး ထွန်းချင်လျှင် အဝါရောင်၊ လိမ္မော်ရောင်၊ အနီရောင် ညအိပ်မီးထွန်းပါ။ အပြာရောင် နဲ့ အဖြူရောင် မသုံးသင့်ပါ။
၄။ အိပ်ခန်းကို အေးမြအောင် ထားပါ။
၅။ မအိပ်ခင် ၂ နာရီလောက်မှာ ရေချိုးပါ။
၆။ အိပ်ယာနားမှာ ဖုံး၊ ကွန်ပျူတာ၊ remote control မထားပါနဲ့။
Credit-To a better health and Original writer
Reviews
There are no reviews yet.