Description
Wyze Cam Pan 1080p Pan/Tilt/Zoom Wi-Fi Indoor Smart Home Camera with Night Vision, 2-Way Audio, Works with Alexa & the Google Assistant
ဒီတခါမှာတော့ CCTV တလုံးတည်း တပ်ထားရုံနဲ့ အခန်းတခန်းလုံးကို ဖုန်းကနေတဆင့် 360 degree လှည့်ပြီးကြည့်လို့ ရတဲ့ WYZE ရဲ့ new model new design လေးကိုထပ်မံတင်သွင်းပေးထားပါတယ်နော်…
ယခင်သွင်းထားပေးတဲ့ ရိုးရိုးထက်စာရင် စျေးအနည်းငယ်ပိုပေမယ့် တကယ်ကို အရမ်းအသုံးဝင်လို့ ညွှန်းပါရစေ…
အသုံးပြုနည်းတွေကတော့ ယခင်ရိုးရိုးနဲ့တူတူပဲမို့ လွယ်ကူအဆင်ပြေမှုရှိပြီးသားပါ…
မိမိရဲ့ တပ်ဆင်လိုတဲ့ အိမ်ခန်းအနေအထားအရ နှစ်သက်ရာရွေးချယ်တပ်ဆင်နိုင်ပါတယ်နော်
မေမေတို့ရေ…
ကျမတို့ မိခင်တွေဟာ တတ်နိုင်ရင် ကိုယ့်သားသမီးတွေကို ကိုယ့်မျက်စိရှေ့မှာ ၂၄နာရီလုံး ထားထားချင်တာပေါ့နော်…


ဒါပေမယ့် စီးပွားရေး၊ လူမှုရေး စတဲ့ အမျိုးမျိုးသော အကြောင်းတွေကြောင့် ကိုယ့်သားသမီးကို ကိုယ့်မျက်စိရှေ့မှာ အမြဲထားနိုင်ဖို့ဆိုတာ တကယ်ကိုမလွယ်တာပါ





ကျမတို့မိခင်တွေဟာ အလုပ်မှာဆိုလည်း အိမ်မှာ ကိုယ့်ကလေးအဆင်မှပြေရဲ့လား … ဘာများလုပ်နေမလဲ…
လွမ်းတာကတကြောင်း စိတ်မချတာကတကြောင်းနဲ့ စိတ်ဖြောင့်လက်ဖြောင့်ရယ်လို့ မရှိကြရရှာတဲ့ဘဝတွေပါ.. 





အထိန်းတွေ နာ့စ်တွေနဲ့ထားခဲ့ရတဲ့ မိခင်တွေဆို ပိုလို့တောင်အဆင်မပြေကြရပါဘူး…
ဘယ်လောက်ပဲ စိတ်ချတယ်ဆိုဆို ကိုယ်ကိုယ်တိုင်မှမဟုတ်တော့ စိတ်ပူကြရတာအမှန်ပါပဲ…





WYZE CCTV camera
ရဲ့ အားသာချက်တွေက

-G mail Account 1 ခု နဲ့ ဖုန်း 5 လုံး ကြည့်လို့ ရတော့ မိသားစု အားလုံး အတွက် အဆင်ပြေစေတာ အဓိက အချက်ပါ
– Portable ဖြစ်တဲ့အတွက် ကိုယ်ရွှေ့ပြောင်းချင်တဲ့နေရာကို အလွယ်တကူရွှေ့ပြောင်းနိုင်ပါတယ်…. 

– ခုံပေါ် တင်ထားလို့ ရသလို နံရံကပ်ထားဖို့ အတွက်လဲ ဘူးထဲမှာ Original သံလိုက်ပြား Double Tape ပါ ထည့်ပေးထားပါတယ်



– ခက်ခဲစွာတပ်ဆင်ရခြင်းမရှိဘဲ ကိုယ်တင်ချင်တဲ့နေရာမှာတင်ပြီး မီးပလပ်ထိုးပြီး ပါဝါကို on ရုံပဲ 

– Install လုပ်တဲ့နေရာမှာလည်း gmail account တခုရှိရုံနဲ့အလွယ်တကူ sign up လုပ်ပြီး စတင်အသုံးပြုနိုင်ပါတယ်…
-Camera လေးတွေမှာ speaker နဲ့ mic ပါ ပါတော့ ရုပ်ရော အသံပါ ကြားရတာပေါ့။
– မေမေတို့အကြိုက်ဆုံးဖြစ်နိုင်တဲ့အချက်ကတော့ android phone သုံးသည်ဖြစ်စေ၊ iPhones အသုံးပြုသည်ဖြစ်စေ play store or App Store မှာ WYZE application ကို အလွယ်တူ download ဆွဲပြီး ကိုယ်ဘယ်နေရာပဲရောက်ရောက် နောက်ဆုံး နိုင်ငံခြားရောက်နေရင်
တောင်မှ အိမ်ရဲ့အခြေအနေကို ဖုန်းလေးထုတ်ပြီး check လုပ်ရုံပါပဲ…
cctv ရှိတော့ ထုတ်မကြည့်ဖြစ်တောင် အဟန့်တော့ ရှိတာပေါ့နော်.. 

– နောက်ထူးခြားချက်တခုက အိမ်ကို စပီကာဖွင့်ပြီး စကားလှမ်းပြောလို့ရသေးတယ်နော်…
စိတ်တိုင်းမကျတာတွေ့ရင် လှမ်းအော်ပြောလိုက်ရုံပဲ…




ရုံး၊အိမ်၊ဆိုင် စတဲ့နေရာအသီးသီးမှာ ကိုယ်မရှိလည်း ကိုယ်ရှိနေသလိုဖြစ်စေတာမို့ တကယ်ကိုတပ်ဆင်ထားသင့်ပါတယ်လို့ အကြံပေးပါရစေ..






စျေးနှုန်းကတော့ camera တလုံးကို 70000 Ks ကျသင့်မှာဖြစ်ပြီး life time warranty ပါပြီးသား Ultra microsd SD card 32GB တကဒ်အတွက် 11000 Ks ကျသင့်မှာဖြစ်ပါတယ်…
တိုင်ပါဝင်မှုတော့ မရှိပါဘူး ။တိုင်က 10000 Ks လောက် ထပ်မံ ဝယ်ယူရမှာပါ။
ခုံပေါ် တင်မယ် စားပွဲပေါ် တင်မယ် ဆို တိုင်မလိုအပ်ပါဘူး
တကယ်လို့ အိမ်မှာ SD card အဆင်သင့်ရှိထားတယ်ဆိုရင် တွဲပြီမဝယ်လည်း ရပါတယ်နော်…





တပ်ဆင်ဖို့ အတွက် အခက်အခဲ မရှိအောင် အသေးစိတ် ရှင်းပြပေးပါတယ်
အိမ်မှာ 4 လုံးသုံးတာ 2 နှစ်ပြည့်ပါပြီ
Reviews
There are no reviews yet.